လားရှိုးမြို့ကို သိမ်းပိုက်ပြီဖြစ်ကြောင်း MNDAA ကြေညာ

လားရှိုးမြို့ကို သိမ်းပိုက်ပြီဖြစ်ကြောင်း MNDAA ကြေညာ
ဇူလိုင် 25, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၅)ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ကြောင်း MNDAA ဘက်က ကြေညာသည်။

“(၂၃)ရက်ကြာ တိုက်ပွဲများဖြစ်ပွားပြီးနောက် MNDAAတပ်မတော်မှ လားရှိုးမြို့ အရှေ့မြောက်စစ်ဒေသ ဌာနချုပ်ကို ဇူလိုင်(၂၅)ရက် နံနက်(၄)နာရီတွင် လုံးဝသိမ်းပိုက်နိုင်ခဲ့ပြီး လားရှိုးမြို့ကို လုံး၀လွတ်မြောက်ကြောင်း MNDAA တပ်၏ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာသည်။ လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန်ရေးလှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်သည်။”ဟု MNDAA က ထုတ်ပြန်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ကိုယ့်ကိုကိုယ် သမ္မတရာထူးပေးအပြီး နှစ်ရက်အကြာ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၅)ရက်နေ့တွင် မန္တလေးတိုင်း မိုးကုတ်မြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တို့ကို စွန့်လွှတ်လိုက်ရခြင်းဖြစ်သည်။

လားရှိုးမြို့အား မသိမ်းမီ နှစ်ရက်အလိုက လားရှိုးမြို့ရှိ စစ်ကောင်စီတပ်မှ ဒုတိယဗိုလ်မှူးကြီးအပါအဝင် တပ်သား (၃၀၀)ကျော် MNDAA ထံ လက်နက်ချအလင်းဝင်ခဲ့သည်။

#TachileikNewsAgency