KNDF ဆေးသင်တန်းအပတ်စဉ် (၂) ရဲဘော် ၁၈‌ ဦး တောင်ကျချောင်းရေနှင့်မျောပါ ကျဆုံး

KNDF ဆေးသင်တန်းအပတ်စဉ် (၂) ရဲဘော် ၁၈‌ ဦး တောင်ကျချောင်းရေနှင့်မျောပါ ကျဆုံး
စက်တင်ဘာ 13, 2024 | 2021 Military Coup| ကယား

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းတွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၁)ရက်နေ့ ည‌ပိုင်းက KNDF ရဲဘော် (၁၈)ဦး တောင်ကျရေဖြင့် မျောပါ ကျဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ 

ကျဆုံးသူများမှာ KNDF ၏ ကရင်နီဆေးသင်တန်းအပတ်စဉ် (၂) ရဲဘော်(၁၀)ဦးနှင့် ရဲမေ (၈)ဦးတို့ဖြစ်ပြီး လေ့ကျင့်ရေးဆင်းရာက တောင်ကျချောင်းရေဖြင့် မျောပါကာ ကျဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါကိစ္စကိုလည်း KNDF ဘက်က ယနေ့ နေ့လယ်ပိုင်းတွင် အတည်ပြုထုတ်ပြန်လာခဲ့ပြီး သင်ခန်းစာမစ်ရှင်တစ်ခုပြုလုပ်နေစဥ် ချောင်းတစ်ခုကိုဖြတ်ကျော်ရန် ကြိုးစားရာက မတော်တဆဖြစ်ပြီး ကျဆုံးခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။ 

အဆိုပါဖြစ်စဥ်ကို KNDF ဗဟိုက စုံစမ်းစစ်ဆေးရေးများ လုပ်သွားမည်ဟုလည်း ဆိုသည်။ 

ခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာမျိုးခန့်ကိုကိုကလည်း ကျဆုံးသွားသည့် ရဲဘော်များကို ၎င်း၏လုပ်ပိုင်ခွင့်နှင့် ကရင်နီ အပတ်စဉ် (၂) အထူးဆေးသင်တန်းသားအဖြစ် အသိအမှတ်ပြုပြီး သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့အနေဖြင့် Medic ရဲဘော်အနေဖြင့်သာ အမိန့်စာပြန်တမ်းတွင် ထည့်သွင်းပေးရန် လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

#TachileikNewsAgency