မိုးမိတ်နှင့် မိုးကုတ်မြို့တို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အရပ်သား ၃ ဦသေဆုံး ၇ ဦးဒဏ်ရာရ

မိုးမိတ်နှင့် မိုးကုတ်မြို့တို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အရပ်သား ၃ ဦသေဆုံး ၇ ဦးဒဏ်ရာရ
ဇူလိုင် 8, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့တို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ် ဇူလိုင်လ (၇)ရက်နေ့က အရပ်သား (၂)ဦး သေဆုံးပြီး (၇)ဦးဒဏ်ရာရကြောင်း သိရသည်။

ယမန်နေ့က မိုးကုတ်မြို့ အနောက်ပိုင်း ဘောလုံးကျေးရွာတွင် စစ်ကောင်စီလက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၆၃)နှစ်အရွယ် ဦးမောင်မောင်နှင့် အသက် (၄၀)နှစ်အရွယ် ဒေါ်ယာအီတို့ ပွဲချင်းပြီးသေဆုံးပြီး (၄)ဦးဒဏ်ရာရရှိသည်ဟု သိရသည်။

မိုးမိတ်မြို့နယ် လယ်ကြီးကျေးရွာတွင် စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက်(၆၁)နှစ်အရွယ် ဦးထွန်းလက်၊ အသက်(၂၆)နှစ်အရွယ် အောင်ကျော်မြင့်နှင့် အသက်(၅၇) နှစ်အရွယ် ဒေါ်စောခင် တို့(၃)ဦး ထိမှန်ဒဏ်ရာပြင်းထန်စွာရရှိသည်ဟု သိရသည်။

ရှမ်းမြောက်တိုက်ပွဲ (၁၃)ရက်အတွင်းတွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် စုစုပေါင်း အရပ်သား (၄၉) ဦးသေဆုံးပြီး (၆၇) ဦးထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News