၀င်းနိမ္မိတာရုံဆရာတော်ကြီးပစ်သတ်ခံရမှုကြောင့် စစ်ကောင်စီက တိုင်းမှူးများကို အပြောင်းအလဲ ပြုလုပ် 

၀င်းနိမ္မိတာရုံဆရာတော်ကြီးပစ်သတ်ခံရမှုကြောင့် စစ်ကောင်စီက တိုင်းမှူးများကို အပြောင်းအလဲ ပြုလုပ် 

၀င်းနိမ္မိတာရုံဆရာတော်ကြီးကို ပစ်သတ်မှုဖြင့် ဖမ်းဆီးခံရသည့် မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်ကို စစ်ကောင်စီက ရာထူးမှ အနားပေးပြီး ကျိုင်းတုံမြို့အခြေစိုက် တြိဂံတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းနှင့် အစားထိုးလိုက်သည်ဟု သိရသည်။

ကျိုင်းတုံမြို့အခြေစိုက် တြိဂံတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း၏နေရာကို မပခ(မြစ်ကြီးနား) တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးကို ပို့ဆောင်လိုက်ကာ လစ်လပ်သွားသည့် မပခတိုင်းမှူးနေရာအား ဗိုလ်မှူးချုပ် အောင်မျိုးဦး (တေဇ ၂၂) ဖြစ်သွားကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ရေးသားထားသည်။  

ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ဆရာတော် ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီတပ်က သတင်းလိမ်လည် ထုတ်ပြန်ခဲ့ပြီးနောက် ဆရာတော်နှင့်အတူပါ ကန်သုံးဆင့်ဆရာတော်ကြီးက စစ်ကောင်စီတပ်က ပစ်ခတ်ကြောင်း မိန့်ကြားမှသာ စစ်ကောင်စီတပ်ဘက်က ဝန်ခံခဲ့ပြီးနောက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်အပါအဝင် ပါဝင်သူများကို အရေးယူဖြုတ်ပစ်လိုက်ခြင်းဖြစ်သည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးအသစ်ဖြစ်လာသူ ဗိုလ်ချုပ်အောင်ခိုင်ဝင်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၆ (DSA-36) ကျောင်းဆင်းတစ်ဦးဖြစ်ကာ မပခတိုင်းမှူးဖြစ်လာသူ အောင်မျိုးဦးသည် တေဇ(၂၂)သည်  စစ်တက္ကသိုလ် အပတ်စဉ်(၃၇)နှင့်တူညီသည်ဟု သိရသည်။

#TachileikNewsAgency