ဆားလင်းကြီးမြို့နယ် ဆားခါးရွာရှိ အမျိုးသားတစ်ဦးကို စစ်ကောင်တပ်က သတ်ဖြတ်သွား

ဆားလင်းကြီးမြို့နယ် ဆားခါးရွာရှိ အမျိုးသားတစ်ဦးကို စစ်ကောင်တပ်က သတ်ဖြတ်သွား

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဆားခါးရွာရှိ အမျိုးသားတစ်ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်က ၂၀၂၃ခုနှစ် ဇူလိုင်လ (၅)ရက်နေ့တွင် သတ်ဖြတ်သွားကြောင်း သိရသည်။

ဇူလိုင်လ (၅)ရက်နေ့ နေ့လည်ပိုင်းက ဆားလင်းကြီးမြို့ပေါ်မှ ဆင်းလာသည့် စစ်ကောင်စီတပ်သည် ဆားခါးရွာသို့ ဝင်ရောက်၍ ပြည်သူပိုင်ပစ္စည်းများကို မွှေနှောက်ဖျက်ဆီးပြီးနောက် ဒေသခံအမျိုးသားတစ်ဦးကို သတ်ဖြတ်သွားကြောင်း သိရသည်။

သတ်ဖြတ်ခံရသူမှာ အသက်(၂၈)နှစ်အရွယ် စိတ်ကျန်းမာရေး မကောင်းသူဖြစ်ပြီး ၄င်း၏ အလောင်းတွင် ညှင်းပမ်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများနှင့်အတူ ရင်ဝတွင် သေနက်ဒဏ်ရာကိုပါ တွေ့ရှိခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့်နေ့ကလည်း ဆားခါးရွာအနီးရှိ ပေါင်းဝရွာမှ ပြည်သူပိုင်ပစ္စည်းများကိုယူပြီး မော်တော်နှင့်တင်ဆောင်သွားသေးသည်ဟု ဆိုသည်။ 

အဆိုပါ စစ်ကြောင်းသည် ဇူလိုင်လ (၅)ရက်နေ့ ညနေပိုင်းတွင် ခွန်သာရွာမှတဆင့် အမြန်ယာဥ်နှင့် မုံရွာသို့ ဆန်တက်သွားကြောင်း သိရသည်။

#TachileikNewsAgency

Photo : Aung Khant Zaw