မန္တလေးတွင် အွန်လိုင်းလောင်းကစားလုပ်ငန်း နေရာကို ဝင်ရောက် ဖမ်းဆီး

မန္တလေးတွင် အွန်လိုင်းလောင်းကစားလုပ်ငန်း နေရာကို ဝင်ရောက် ဖမ်းဆီး

မန္တလေးတွင် အွန်လိုင်းလောင်းကစား လုပ်ကိုင်နေသည့် နေအိမ်အား ဝင်ရောက် ဖမ်းဆီးရာမှ နေအိမ်ငှားရမ်းပေးထားသည့် အိမ်ရှင် အပါအဝင်  (၁၂)ဦးနှင့်အတူ ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း သိရသည်။

မန္တလေးတွင် အွန်လိုင်းလောင်းကစား လုပ်ကိုင်နေသည့် နေအိမ်အား ဝင်ရောက် ဖမ်းဆီးရာမှ နေအိမ်ငှားရမ်းပေးထားသည့် အိမ်ရှင် အပါအဝင်  (၁၂)ဦးနှင့်အတူ ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း စစ်ကောင်စီက ယနေ့ ဇူလိုင်လ(၁)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။ 

၎င်းတို့အား သက်သေခံပစ္စည်းများဖြစ်သည့် ကွန်ပျူတာ လက်တောပ့် (၆)လုံး၊ လက်ကိုင်ဖုန်း (၆၃)လုံး နှင့် ငွေကျပ် သိန်း(၁၁၀) နှင့် အခြား ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခြင်းဖြစ်သည်။

အလားတူ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်  ပါဆတ်ရပ်ကွက်အတွင်း လွန်းကျိုင်းလမ်းရှိ နေအိမ်အမှတ်(မ-၃/၂၃၂)တွင် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေသည့် အထောက်အထားမဲ့ တရုတ်နိုင်ငံသား (၂၉၅)ဦးကိုလည်း ၂၀၂၄ခုနှစ် ဇွန်လ(၂၈)ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရရှိမှုများရှိကြောင်း သိရသည်။