CDF မင်းတပ်ထံ စစ်ကောင်စီတပ်သား တစ်ဦး လက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာ၍ ကျပ်သိန်း (၅၀) ချီးမြှင့်

CDF မင်းတပ်ထံ စစ်ကောင်စီတပ်သား တစ်ဦး လက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာ၍ ကျပ်သိန်း (၅၀) ချီးမြှင့်

ပြည်သူ့ရင်ခွင်ထံ လက်နက်အပြည့်အစုံဖြင့် ခိုလှုံလာသည့် စစ်ကောင်စီ၏ ခလရ (၂၇၄)မှ ရဲဘော်တစ်ဦးအား ငွေကျပ်သိန်း (၅၀)ချီးမြှင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း CDF-Mindat က  မတ်လ(၂၆)ရက်က သတင်း ထုတ်ပြန်လာသည်။

CDF-Mindat ၏ တပ်မဟာမှူးမှ သိန်း ၅၀ ဖြင့် နွေးထွေးစွာကြိုဆိုခဲ့ပြီး အဆိုပါရဲဘော်မှ ပြည်သူ့တော်လှန်ရေးအတွက် CDF-Mindat အား ငွေကျပ်(၁၅)သိန်းပြန်လည် လှူဒါန်းခဲ့ကြောင်း သိရသည်။

၎င်း တပ်သားသည် MA1 သေနတ်(၁)လက်၊ ကျည်ကတ်(၄)ခု၊ ကျည်ဆံ(၂၁၆)တောင့်နှင့်အတူ မတ်လ(၂၄)ရက်၊ မွန်းလွဲပိုင်းက ထွက်ပြေးလာခြင်းဖြစ်ပြီး မတ်လ(၂၅)ရက်တွင် CDF - မင်းတပ်ထံ ရောက်ရှိခဲ့ကြောင်း သိရသည်။