မွန်ပြည်ဖက်ဒရယ်ကောင်စီ ကျန်းမာရေးဌာနမှ မွန်ပြည်နယ်မြောက်ပိုင်းတွင် ရက်ရှည်ဆေးသင်တန်း ဖွင့်လှစ်

မွန်ပြည်ဖက်ဒရယ်ကောင်စီ ကျန်းမာရေးဌာနမှ မွန်ပြည်နယ်မြောက်ပိုင်းတွင် ရက်ရှည်ဆေးသင်တန်း ဖွင့်လှစ်

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကျန်းမာရေးဌာနမှ မွန်ပြည်နယ်မြောက်ပိုင်းတွင် ရက်ရှည်ဆေးသင်တန်း ဖွင့်လှစ်ကြောင်း ယနေ့  ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၀) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ ကျန်းမာရေးဌာနမှ ဦးဆောင်ပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့တွင် မွန်ပြည်နယ်မြောက်ပိုင်း သထုံ၊ ကျိုက်ထိုနှင့် ဘီးလင်းမြို့ နယ်တို့ မှ ဆေးပညာ စိတ်ဝင်စားသူ သင်တန်းသား (၈)ဦးအား (၆)လတာ ရက်ရှည်ဆေးသင်တန်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မွန်ပြည် ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နိုင်မွန်စိုင်းမှ တက်ရောက်ဖွင့်လှစ်ပေးပြီး လူငယ်များနှင့် တော်လှန်ရေးသမားများအတွက် ဆေးသင်တန်းသည် အရေးကြီးကြောင်းနှင့် သင်တန်းအား ဆုံးခန်းတိုင် တက်ရောက်ရန် သင်တန်းသူ၊သင်တန်းသားတို့အား တိုက်တွန်းပြောဆိုခဲ့ကြောင်း သိရသည်။ 

အဆိုပါ (၆)လတာ သင်တန်းကို MSFC ကျန်းမာရေးဌာန ဌာနမှူး ဒေါက်တာအက်ဝပ်မှ ဦးဆောင်သွားမည်ဖြစ်ပြီး MSFC အုပ်ချုပ်ရေးကော်မတီမှ လိုအပ်ချက်များကို ပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရသည်။

"တော်လှန်ရေး‌ရေချိန်မြင့်မားလာတာနဲ့အမျှ တော်လှန်ရေးရဲဘော်တွေနဲ့ အရပ်သားပြည်သူ‌‌တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို စနစ်တကျပေးနိုင်ဖို့ ပိုလိုအပ်လာပါတယ်။ တိုက်ပွဲထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်တွေကို အရေးပေါ်ဆေးကုသမှုပေးနိုင်ဖို့က အင်မတန်အရေးကြီးပါတယ်။ အလားတူပဲ စစ်ကောင်စီဖက်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေကြောင့် အရပ်သားပြည်သူထိခိုက်မှုကလည်း နေ့တိုင်းနီးပါးရှိနေတာဖြစ်တယ်။ ဒါကြောင့်လည်း ကျွန်တော်တို့အနေနဲ့ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ (၆)လတာ အခြေခံဆေးသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်" ဟု MSFC ကျန်းမာရေးဌာန ဌာနမှူး ဒေါက်တာအက်ဝပ်က ဆိုသည်။

သင်တန်းကို မွန်ပြည်နယ်မြောက်ပိုင်း လွတ်မြောက်နယ်မြေတစ်နေရာတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ၊ ပုံမှန်အခြေအနေတွင် သင်တန်းသည် ရက်ကြာသော်လည်း ယခုတော်လှန်ရေးကာလတွင် (၆)လ သင်တန်းဖြင့် သင်ကြားသွားမည်ဟု သိရှိရသည်။

#TachileikNewsAgency

Photo: Mon State Federal Council - MSFC