မတ္တရာမြို့နယ် ရေနံ့သာစစ်ဆေးရေးဂိတ်အား PDF ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်

မတ္တရာမြို့နယ် ရေနံ့သာစစ်ဆေးရေးဂိတ်အား PDF ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်

မန္တလေးတိုင်း မတ္တရာမြို့နယ်ရှိ စစ်ကောင်စီ၏ ရေနံ့သာစစ်ဆေးရေးဂိတ်အား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်မှုများပြားကြောင်း မတ္တရာမြို့နယ် - ပ.က.ဖ မဟာတပ်ဖွဲ့မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မတ္တရာမြို့နယ်အတွင်းရှိ ရေနံ့သာစစ်ဆေးရေးဂိတ်အား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ၁၀၂၇ စစ်ဆင်ရေးအဆက် စတင်သည့် ဇွန်လ (၂၅) ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ပျူစောထီး (၃)ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၆)ဦးခန့် သေဆုံးခဲ့ပြီး

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မတ္တရာမြို့နယ် - ပ.က.ဖ မဟာတပ်ဖွဲ့မှ ဆိုသည်။

တိုက်ပွဲပြီးနောက် ယနေ့အချိန်အထိ စစ်ကောင်စီဘက်မှ ပြည်သူနေအိမ်များနှင့် ကျေးရွာများအား လေကြောင်းဖြင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခြင်း ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မတ္တရာမြို့နယ် - ပ.က.ဖ - မဟာတပ်ဖွဲ့ ၊ ကျားသစ်နက်စစ်ကြောင်း ပြင်ဦးလွင်ခရိုင် အမှတ် (၁) တပ်ရင်း (၁) ၊ SSTF (Security & Special Task Force) People's Police တပ်ဖွဲ့ ၊ မတ္တရာမြို့နယ် တိုက်နယ် (၃) ပကဖများဖြစ်သည့် နဂါးညီနောင်ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မိုးကြိုးပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency