ခင်ဦးမြို့နယ်အတွင်း ညောင်ပင်ကြီးစုရဲကင်းစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက သိမ်းပိုက်ကာ မီးရှို့ ဖျက်ဆီး

Photo: Khin U Local Guerrilla Force
Photo: Khin U Local Guerrilla Force
ခင်ဦးမြို့နယ်အတွင်း ညောင်ပင်ကြီးစုရဲကင်းစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက သိမ်းပိုက်ကာ မီးရှို့ ဖျက်ဆီး
နိုဝင်ဘာ 17, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်အတွင်းရှိ ညောင်ပင်ကြီးစုရဲကင်းစခန်းအား ဒေသကာကွယ်ရေးအဖွဲ့များက ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၇)ရက်နေ့တွင် သိမ်းပိုက်လိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း Khin U Local Guerrilla Force က သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

"ခင်ဦးမြို့နယ် ညောင်ပင်ကြီးစုရွာ သွားရောက်ပြီး ရဲစခန်းအား ဝင်ရောက်ဖျက်စီးခဲ့ပါသည်။ ကျွန်ုပ်တို့ Khin U Local Guerrilla Force တပ်ဖွဲ့နှင့် အတူ သီခြားအဖွဲ့ပါ အတူပူပေါင်း၍ ဝင်ရောက်ဖျက်စီးခဲ့ပါသည်။"ဟု နိုဝင်ဘာလ(၁၇)ရက်နေ့ ညနေ(၅)နာရီအချိန်က သတင်းထုတ်ပြန်ထားသည်။

ညောင်ပင်ကြီးစုရဲကင်းစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက သိမ်းပိုက်ဖျက်ဆီးလိုက်ပြီးနောက် အာဏာသိမ်းစစ်တပ်ဘက်ကလည်း အင်အားများဖြင့် ရောက်ရှိလာမှုများရှိပြီး စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။