ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ကာ ဆရာတော်တစ်ပါး ပျံလွန်တော်မူ

ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ကာ ဆရာတော်တစ်ပါး ပျံလွန်တော်မူ

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် လွယ်ကျိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်ရာ ဆရာတော်တစ်ပါး ပျံလွန်တော်မူကြောင်း PNLA ထံမှ သိရသည်။

စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ၂၀၂၄ ခုနှစ် ဇွန်လ(၁၉)ရက်နေ့တွင် ဘုန်းကြီးကျောင်းကို လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကျောင်းထိုင်ဆရာတော်ကိုထိမှန်ပြီး ဆရာတော်ပျံလွန်တော်မူသွားသည်ဟု သိရသည်။

လက်နက်ကြီးများ ဒရုန်းများဖြင့်တိုက်ခိုက်ရာ ကျောင်းထိုင်ဆရာတော် ဦးနေမိန္ဒ သက်တော်(၃၉)နှစ် ပျံလွန်တော်မူကာ ဒေသခံ(၅) ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အချို့မှာ လက်ရှိအချိန်ထိ ဆေးဝါးကုသမှုမရရှိသေးဟု ဆိုသည်။

ယင်းနေ့တွင်ပင် နမ့်ဖာမူကျေးရွာနေ ဦးဒေါင်းသည် လယ်ကွင်းသို့သွားနေစဉ် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျကာ ထိမှန်ဒဏ်ရာရာရခဲ့သည်ဟု သိရသည်။

ထို့အပြင် ပင်လောင်းမြို့နယ် စင်းတောင်းကျေးရွာအုပ်စု မိုးဦးကျေးရွာကိုလည်း စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့က လက်နက်ကြီးဖြင့် (၆) ကြိမ်ပစ်ခတ်သဖြင့် မူလတန်းကျောင်းသား ဖိုးသောကြာနှင့် မူလတန်းကျောင်းသူ မအေးကို ထိမှန်ဒဏ်ရာရရှိခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်က မိုးဦးကျေးရွာအတွင်း တပ်စွဲနေထိုင်ခြင်းကြောင့် ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

#TachileikNewsAgency