ကျောက်ဂူဒေသတွင် DPLA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဆက်ဖြစ် 

ကျောက်ဂူဒေသတွင် DPLA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဆက်ဖြစ် 

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၄)ရက်နေ့ နံနက်ပိုင်းက ကျောက်ဂူတိုက်နယ်အတွင်း (၂)နာရီအကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ လက်နတ်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်(၂)လုံး မီးလောင်ပျက်စီးကာ ဇန်နဝါရီလ(၁၅)ရက်နေ့တွင်လည်း စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး လက်နက်ကြီးစထိမှန် ဒဏ်ရာရသည်ဟု သိရသည်။ 

“ကျောက်ဂူဒေသမှာတော့ စစ်ကောင်စီက စစ်အင်အားဖြည့်တင်းတွေလုပ်နေတယ်။  တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။”ဟု DPLA ရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သော ပြည်သူလူထုနေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေရာ ခဲကြားရွာနှင့် ဖက်ရင်းကုန်းရွာများသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အဆောက်အဦးများ ပျက်စီးမှုရှိသည်ဟု သိရသည်။

စစ်ကောင်စီသည် ကျောက်ဂူဒေသမှတဆင့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်းခမ်းသို့ စစ်ကြောင်းထိုးလို၍ DPLA တပ်များက ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်သည်။

#TachileikNewsAgency

#TNA_MAT

Photo:Danu People's Liberation Front - DPLF