မင်းကင်းမြို့နယ် ကံရွာစစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်များ ဝင်တိုက်

မင်းကင်းမြို့နယ် ကံရွာစစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်များ ဝင်တိုက်

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၊ ကံရွာစစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်စီးနင်း တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတစ်ဦးနှင့် ပျူစောထီး (၂)ဦးသေပြီး လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး(P.R.F)ထံမှ သိရသည်။

စစ်ကောင်စီတပ်စခန်းကို ၂၀၂၄ ခုနှစ် ဇွန်လ (၁၂)ရက်နေ့က  ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲကြာချိန် (၁၅)မိနစ်ဝန်းကျင်တွင် စစ်ကောင်စီတပ်သားများအပါအဝင် ပျူစောထီးတပ်ဖွဲ့ဝင်များ စခန်းစွန့် ထွက်ပြေးသွားကြောင်း သိရသည်။

ကံရွာစစ်စခန်းသိမ်းတိုက်ပွဲမှ စစ်ကောင်စီတပ်ဖွဲ၏ Carbine တစ်လက်၊ Carbine ကျည်ဘောက် (၃)ခု၊ (.၃၀) ကျည် (၂၅၉)တောင့်၊ ၅.၅၆ (ကပစ) (၄၀)တောင့်၊ ၇.၆၂(ကပစ) (၃၃၀)တောင့်၊ BA-63 ကျည်ဘောက်(၂)ခု၊ ရှေ့ထွက် မိုင်း (၃)လုံး၊ နင်းမိုင်း (၇)လုံး၊ လက်ပစ်ဗုံး(၁)လုံး၊ Drone Jammer (၁)လုံးတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ခိုက်မှုသည် မင်းကင်းမြို့နယ်၊ မတောကျေးရွာ၊ ဗုံးကြဲခံရမှုအပြီး (၁၀)ရက်အကြာ၌ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး(P.R.F)နှင့် Min Kin Local PDF Union တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF