ဆိပ်ဖြူမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦးအား PDF ပစ်ခတ်ရှင်းလင်း 

ဆိပ်ဖြူမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦးအား PDF ပစ်ခတ်ရှင်းလင်း 

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းနေသည့် ရွာသစ်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အောက်ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူးတို့အား PDF ပူးပေါင်းတပ်ဖွဲ့မှ တပြိုင်တည်း ပစ်ခတ်ရှင်းလင်းကြောင်း Yenanthar Youth Force အဖွဲ့ထံမှ သိရသည်။

ဆိပ်ဖြူမြို့နယ် ရွာသစ်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အောက်ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူးတို့အား ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၃)ရက်နေ့ ညနေ (၆) နာရီဝန်းကျင်တွင် PDF ပူးပေါင်းတပ်ဖွဲ့မှ တပြိုင်တည်း ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးနှစ်ဦးသည် လူငယ်များအား စစ်မှုထမ်းရန် စုဆောင်းခြင်း၊ ပြည်သူလူထုအား အမျိုးမျိုး ဖိနှိပ်မှုများလုပ်ဆောင်ခြင်း ၊ စစ်ကောင်စီ ယန္တရားလည်ပတ်ရာတွင် ပါဝင်ခြင်းများ ပြုလုပ်နေသည့်အတွက် ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်ကြောင်း Yenanthar Youth Force အဖွဲ့မှ ဆိုသည်။

အဆိုပါပစ်ခတ်ရှင်းလင်းမှုများအား Yenanthar Youth Force (LPDF) အနေဖြင့် ဆိပ်ဖြူဘာမထီတပ်ဖွဲ့၊ ဆိပ်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေး ဗိုလ်မထားတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency