အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်လေယာဉ် အဆင်းအတက်များကို အချိန်နှင့်တပြေးညီ ကြိုတင်သိနိုင်ရန် Telegram တွင် ဖတ်ရှု့နိုင်

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်လေယာဉ် အဆင်းအတက်များကို အချိန်နှင့်တပြေးညီ ကြိုတင်သိနိုင်ရန် Telegram တွင် ဖတ်ရှု့နိုင်
ဇန်နဝါရီ 24, 2022 | အခြားဒေသများ

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်၏ စစ်လေကြောင်းများဖြင့် နေ့စဉ် ကင်းထောက်၊ ဗုံးကြဲတိုက်ခိုက်မှုများအတွက် လေတပ်မှ စတင်ထွက်ခွာသည့် အခြေအနေများကို Telegram တွင် Enemy Air Route Channel [ https://t.me/EARchanneL ] အမည်ဖြင့် အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပြီး စစ်ဘက်ဆိုင်ရာ နှင့် လေကြောင်းသတင်းများကို အဆိုပါ Channel သို့ ပေးပို့နိုင်ကြောင်း သိရသည်။ 

 EAO ဒေသများ အပါအဝင် ပြည်သူများလုံခြုံရေးအတွက် အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ နှင့် လေတပ်မှ စစ်လေယာဉ် အဆင်းအတက်များကို အချိန်ပြည့် စောင့်ကြည့်ကာ ပြည်သူများအား အချိန်နှင့်တပြေးညီ  ကြိုတင် အသိပေးနေသည့်  Enemy Air Route Channel က လေကြောင်းနှင့်သက်ဆိုင်သည့် တပ်တွင်းသတင်းများ၊ လေတပ်တွင်း တပ်စွဲထားသည့် အခြေအနေများ တည်နေရာ lat long အစရှိသည့် အချက်အလက်များကို Telegram ၏ ဆက်သွယ်ရန် [ https://t.me/MMinfocenter ] ကနေ ဆက်သွယ်သတင်းပေးပို့နိုင်ကြောင်းလည်း E A R Team က Tachileik News Agency သို့ ပြောကြားထားသည်။ 

အကြမ်းဖက် စစ်ကောင်စီတပ်သည် ကုန်ကြောင်း စစ်ရေးထိုးမှုတွင် ဒေသကာကွယ်ရေးအဖွဲ့များ၏ ပြောက်ကျားတိုက်စစ်များကြောင့် အထိနာနေပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများအဖြစ် စစ်လေယာဉ်ဖြင့် ကင်းထောက်ခြင်း၊ လက်နက်နှင့်ရိက္ခာသယ်ယူပို့ဆောင်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်း နှင့် ဝါဒဖြန့်စာရွက်များ ဖြန့်ကြဲခြင်းများအထိ လုပ်ဆောင်လာနေခြင်း ဖြစ်သည်။

စစ်လေတပ် နေ့စဉ်အခြေအနေ သတင်းဖတ်ရန်

Enemy Air Route Channel 

https://t.me/EARchanneL

လေတပ်အခြေအနေ သတင်းပေးလိုသူများ ဆက်သွယ်ရန်

https://t.me/MMinfocenter

 



#TachileikNewsAgency