ငါ့သရောက်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများအား တော်လှန်ရေးအင်အားစုများ ၀င်ရောက်စီးနင်းတိုက်ခိုက်

ငါ့သရောက်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများအား တော်လှန်ရေးအင်အားစုများ ၀င်ရောက်စီးနင်းတိုက်ခိုက်
နိုဝင်ဘာ 27, 2024 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်ခွဲရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများအား တော်လှန်ရေးအင်အားစုများက ၀င်ရောက်စီးနင်းတိုက်ခိုက်ကြောင်း ညောင်ဦးမြို့နယ် ပကဖ တပ်ခွဲ (၃) ထံမှ သိရသည်။

ငါ့သရောက်မြို့ရှိ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာများဖြစ်သည့် လျှပ်စစ် ၊ ပြန်ကြားရေး ၊ ဆောက်လုပ်ရေး နှင့် ဆက်သွယ်ရေး ဌာနတို့အား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၅)ရက်နေ့ မနက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း ဌာနဆိုင်ရာအသီးသီးမှ စစ်ကောင်စီ၏ စာရွက်စာတမ်းများအား မီးရှို့ခဲ့ပြီး ၊ စစ်ကောင်စီ နေရာယူမည့် နေရာများ ၊ ခံစစ်တည်ဆောက်ထားသည့် တိုက်တန်းအိမ်ယာများကိုလဲ ဖြိုဖျက်ခဲ့သည်ဟု ညောင်ဦးမြို့နယ် ပကဖ တပ်ခွဲ (၃)က ဆိုသည်။

အဆိုပါ စီးနင်းတိုက်ခိုက်မှုအား ညောင်ဦးမြို့နယ် ပကဖ တပ်ခွဲ - (၃) (Bagan People Defense Force) ၊ ညောင်ဦးမြို့နယ် ပ.က.ဖ ပုဂံပြည် ဘီလူးတပ် ၊ တောင်သာမြို့နယ် ပကဖ ၊ ညောင်ဦးခရိုင် တပ်ရင်း (၅)၊ မြင်းခြံခရိုင် တပ်ရင်း (၃)၊ Popa Production & Guerilla Force (PPGF) ၊ မန်းဘခိုင် (မြိုင်) အဖွဲ့ ၊ Kamma Revolution Force ၊ Tiger Warrior Force နှင့် Pakokku Underground Force တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#TachileikNewsAgency