ရွှေစျေးနှုန်းများ မတည်ငြိမ်အောင်လုပ်သည်ဟုဆိုကာ ရွှေလုပ်ငန်းရှင် (၇)ဦးနှင့် ပွဲစား(၃)ဦးကို စစ်ကောင်စီ ဖမ်းဝရမ်းထုတ်

ရွှေစျေးနှုန်းများ မတည်ငြိမ်အောင်လုပ်သည်ဟုဆိုကာ ရွှေလုပ်ငန်းရှင် (၇)ဦးနှင့် ပွဲစား(၃)ဦးကို စစ်ကောင်စီ ဖမ်းဝရမ်းထုတ်

ရွှေစျေးနှုန်းများ မတည်ငြိမ်အောင်လုပ်သည်ဟုဆိုကာ ရွှေလုပ်ငန်းရှင် (၇)ဦးနှင့် ပွဲစား(၃)ဦးကို စစ်ကောင်စီက ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၂)ရက် နေ့တွင် ဖမ်းဝရမ်းထုတ်လိုက်ကြောင်း သိရသည်။

ဖမ်းဝရမ်းထုတ်ခံရသည့် ရွှေလုပ်ငန်းရှင်များမှာ စိန်ကျော်မိုးရွှေဆိုင်ပိုင်ရှင် ဦးကျော်ငြိမ်း၊ အကယ်ဒမီရွှေသန့်စင်လုပ်ငန်းပိုင်ရှင် ဦးမျိုးသူဝင်း၊ ခရမ်းသုံးခွရွှေဆိုင်ပိုင်ရှင် ဦးသက်နောင်ဝင်း၊ ဇွဲထက်ရွှေဆိုင်ပိုင်ရှင် ဦးဆန်းဝင်း၊ အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း၊ ဝိန့်စိန်ရွှေဆိုင်ပိုင်ရှင် ဦးအောင်ကောင်းမြတ်၊ ရွှေဇင်ဝင်း ရွှေသန့်စင်လုပ်ငန်းပိုင်ရှင် ဦးအေးကြူနှင့် ပွဲစားများဖြစ်သည့် ဦးကျော်ဝင်း(ခ)ပန်းသီး၊ ဦးညီညီဦး(ခ)ချက်ကြီးနှင့်  ဒေါ်တင်တင်ခိုင် (ခ)စန္ဒာတင်တို့ ဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက အခေါက်ရွှေတစ်ကျပ်သား ငွေကျပ်(၅၉)သိန်းအထိ မြင့်တက်သွားသဖြင့် စစ်ကောင်စီက လုပ်ငန်းရှင်(၂၁) ဦးအား ဖမ်းဆီးစစ်ဆေးရာ ၎င်းတို့၏ ထွက်ဆိုချက်အရ အဆိုပါ (၁၀)ဦးကို စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်ခြင်းဖြစ်သည်။

အဆိုပါ(၁၀)ဦးသည် လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency