မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်အတွင်းသို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -PPDF က လွတ်လပ်ရေးနေ့ဖြစ်သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ညပိုင်းက ရှော့ဒုံး (၂)လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း ယနေ့ ထုတ်ပြန်လာသည်။
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အဆိုပါ တိုက်ခိုက်မှုအား လုပ်ဆောင်ခြင်းဖြစ်သည်ဟု PPDF က ထုတ်ပြန်ထားခြင်း ဖြစ်သည်။
PPDF ၏ မြေပြင်တိုက်ခိုက်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်သိင်္ခနှင့်အဖွဲ့ဝင်များက ယင်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပျက်စီးထိခိုက်မှုအခြေအနေကို စုံစမ်းနိုင်ခြင်း မရှိကြောင်း ထုတ်ပြန်ထားသည်။