မြန်မာပြည်ကို ​လူသားချင်းစာနာထောက်ထားမှု ပံ့ပိုးပေးရေး ကနေဒါနိုင်ငံလွှတ်တော်အတွင်းဝန်နှင့် NUG တွေ့ဆုံဆွေးနွေး

မြန်မာပြည်ကို ​လူသားချင်းစာနာထောက်ထားမှု ပံ့ပိုးပေးရေး ကနေဒါနိုင်ငံလွှတ်တော်အတွင်းဝန်နှင့် NUG တွေ့ဆုံဆွေးနွေး
မေ 25, 2024 | 2021 Military Coup

မြန်မာပြည်ကို ​လူသားချင်းစာနာထောက်ထားမှု ပံပိုးပေးရေး NUG ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးတို့ ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန လွှတ်တော်အတွင်းဝန်နှင့် တွေ့ဆုံစဥ် ဆွေးနွေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနမှ ၂၀၂၄ခုနှစ် မေလ (၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

NUG လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နှင့် ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးတို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာန ၊ လွှတ်တော်အတွင်းဝန် Mr.Hon.Rob Oliphantနှင့် ၂၀၂၄ ခုနှစ်၊ မေလ (၂၃)ရက်နေ့တွင် ကနေဒါနိုင်ငံ၊ အော်တိုဝါမြို့ရှိ လွှတ်တော်အတွင်းဝန် ရုံးခန်းတွင် တွေ့ဆုံစဥ် ဆွေးနွေးခဲ့ဖြစ်ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်‌ရေးနှင့် တရားမျှတမှု ဖော်ဆောင်‌ရေး၊ လူသားချင်းစာနာထောက်ထားမှု ပံ့ပိုးပေးရေး၊  စစ်အုပ်စုအပေါ် ပိတ်ဆို့အရေးယူမှုများကို ထိရောက်စွာ အကောင်အထည်ဖော်ရေးတို့အပြင် ဒေသတွင်းလုံခြုံရေးအခြေအနေများကိုလည်း ပွင့်လင်းမြင်သာစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Ministry of Human Rights