ထန်တလန်မြို့ရှိ ခလရ ၂၆၉ တပ်ကုန်းကို ပူးပေါင်းတပ်များ သိမ်းပြီးနောက် စစ်ကောင်စီ ကင်းစင်ရန် စခန်းငယ်နှစ်ခုကို ဆက်လက် ထိုးစစ်ဆင်

ထန်တလန်မြို့ရှိ ခလရ ၂၆၉ တပ်ကုန်းကို ပူးပေါင်းတပ်များ သိမ်းပြီးနောက် စစ်ကောင်စီ ကင်းစင်ရန် စခန်းငယ်နှစ်ခုကို ဆက်လက် ထိုးစစ်ဆင်

ချင်းပြည်နယ်အတွင်း ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်၏ ခလရ(၂၆၉)တပ်ကုန်းကို ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ(၅)ရက် နေ့ နံနက်ပိုင်းတွင် CNF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီနောက်  ထန်တလန် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည်ဟု ပူးပေါင်းတပ်များထံမှ သိရသည်။

လက်ရှိတွင် ထန်တလန်မြို့အတွင်း စစ်ကောင်စီတပ်စခန်းငယ် (၂)ခုသာကျန်ရှိတော့ပြီး ပူးပေါင်းတပ်များက ဆက်လက်တိုက်ခိုက်နေကာ ခလရ(၂၆၉)တပ်စခန်းတွင် ရဲနှင့် စစ်ကောင်စီတပ်သား အင်အား(၂၀၀)ဝန်းကျင်ရှိသည်ဟု သိရသည်။

အဆိုပါ ခလရ(၂၆၉)တပ်စခန်းကို ပူးပေါင်းတပ်များက နှစ်ပတ်နီးပါးကြာ ပိတ်ဆို့ တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့ သိမ်းပိုက်မှုတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီ တပ်သားတချို့ကိုလည်း ဖမ်းဆီးရမိ ထားသည်ဟု သိရသည်။

"အခုမြို့ထဲမှာ စစ်ကောင်စီတပ်ရဲ့ စခန်းငယ်(၇)ခုထဲက (၅)ခုကို အပြီးသိမ်းလိုက်ပြီ။ ကျန်တဲ့(၂)ခုကို ဆက်တိုက် နေတယ်။”ဟု တော်လှန်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ထန်တလန်မြို့အနီးတွင် ဟားခါးမြို့အခြေစိုက် ခလရ(၂၆၆)တပ်နှင့် စစ်ဗျူဟာရှိပြီး ဖလမ်းမြို့တွင် ခလရ(၂၆၈) အခြေစိုက်ထားသည်ဟု သိရသည်။