ကနီမြို့နယ်တွင် မုန်တိုင်းအရှိန်ကြောင့် မိုးများပြီး ရေကြီးနေချိန် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် ဒေသခံ (၁၃,၀၀၀) ကျော် မိုးရေထဲ ထွက်ပြေးနေရ

Photo: ပြည့်အောင်နိုင်(ကနီ)
Photo: ပြည့်အောင်နိုင်(ကနီ)
ကနီမြို့နယ်တွင် မုန်တိုင်းအရှိန်ကြောင့် မိုးများပြီး ရေကြီးနေချိန် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် ဒေသခံ (၁၃,၀၀၀) ကျော် မိုးရေထဲ ထွက်ပြေးနေရ

 စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နယ်အတွင်း မိုခါ မုန်တိုင်းအရှိန်ကြောင့် မိုးသည်း ထန်စွာရွာသွန်းပြီး ရေကြီးနေချိန်တွင် စစ်ကောင်စီတပ်များ စစ်ထိုးကြောင်းလာသဖြင့် ဒေသခံများမှာ မိုးရေထဲတွင် ယနေ့ ၂၀၂၃ခုနှစ် မေလ(၁၄)ရက်နေ့ နံနက်ပိုင်းအချိန်အထိ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကနီဒေသခံများထံမှ သိရသည်။

မုန်တိုင်းကြောင့် ၂၀၂၃ခုနှစ်၊ မေလ(၁၂)ရက်နေ့က စတင်ကာ (၂)ရက် ဆက်တိုက် မိုးရွာသွန်း‌နေချိန် စစ်ကောင်စီ၏ တပ်မှာ ကနီမြို့ အောက်ဘက်ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ကျေးရွာများကို စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ စစ်ကြောင်းထိုးလာသဖြင့် ကျေးရွာအုပ်စု (၅)စုမှ ဒေသခံပြည်သူ (၁၃,၁၅၀)ကျော်သည် ဘေးလွတ်ရာသို့ မိုးထဲရေထဲတွင် ထွက်ပြေးတိမ်းရှောင်နေရကာ စစ်ဘေးရှောင်ပြည်သူ ထပ်မံတိုးလာနိုင်သည့် အနေအထားရှိသည်ဟု ဆိုသည်။