မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်နေရသည့် တောမကျေးရွာမှ အိမ်ထောင်စုများကို လူမှုအဖွဲ့အစည်းတစ်ခုမှ ငွေကျပ်သိန်း (၂၀၀) ကျော်လှူဒါန်းကြောင်း ဂန့်ဂေါခရိုင် အမှတ် (၁၃) တပ်ရင်း The Youth Force အဖွဲ့မှထုတ်ပြန်သည်။
လူမှုအဖွဲ့အစည်းတစ်ခု၏ ကူညီမှုဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ဆောမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆောမြို့နယ် ကျန်းမာရေးအဖွဲ့ဝင်များ စုပေါင်းပြီး တောမကျေးရွာမှ အိမ်ထောင်စု (၉၃)စုအတွက် ငွေကျပ်(၂၁,၁၅၇,၅၀၀) အား သွားရောက်လှူဒါန်းပေးခဲ့ကြောင်း The Youth Force အဖွဲ့က ဆိုသည်။
တိုက်ပွဲမရှိသည့် အချိန်များတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို သက်ဆိုင်ရာတော်လှန်အဖွဲ့အစည်းများ၊ လှုမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်း The Youth Force အဖွဲ့မှ ဆိုသည်။
ဆောမြို့နယ် တောမကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂၀၂၄ ခုနှစ် မေလ (၁၄) ရက်နေ့တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ်များအပါအဝင် ပြည်သူ (၇)ဦး သေဆုံးကာ (၉)ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီးနောက် ဒေသခံများ စစ်ဘေးရှောင်နေရခြင်းဖြစ်သည်။
#TachileikNewsAgency
Photo: The Youth Force - Saw & Kyaukhtu