ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးသေ လက်နက် ၁၀ လက်ရဟု PNLA ထုတ်ပြန်

ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးသေ လက်နက် ၁၀ လက်ရဟု PNLA ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ ၂၀၂၄ခုနှစ် ဩဂုတ်လ (၆)ရက်နေ့က တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား (၁၅)ဦးသေကြောင်း PNLA က ထုတ်ပြန်သည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပူးပေါင်းမဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ဆီဆိုင်မြို့နယ် လွယ်ထွယ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်သား (၁၅)ဦး အလောင်းနှင့် ဒရုန်းတစ်စင်း၊ လက်နက်(၁၀)လက်တို့ကို သိမ်းဆည်းရရှိသည်ဟု သိရသည်။ 

စစ်ကောင်စီတပ်ဖွဲ့နှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များသည် သြဂုတ်လ (၃)ရက်နေ့ကစပြီး ဆီဆိုင်မြို့နယ်အတွင်းရှိ ပအိုဝ်းကျေးရွာ၊ ပအိုဝ်းနယ်မြေအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်နေခြင်းကြောင့်  ဒေသခံများ သတိထားသွားလာကြရန်လည်း တိုက်တွန်းထားသည်။

#TachileikNewsAgency