မင်းတပ်မြို့ရှိ ဘုရားရင်ပြင်တွင် မပေါက်ကွဲသေးသည့် ပေါင် ၅၀၀ ဗုံးစိုက်နေ

မင်းတပ်မြို့ရှိ ဘုရားရင်ပြင်တွင် မပေါက်ကွဲသေးသည့် ပေါင် ၅၀၀ ဗုံးစိုက်နေ

ချင်းပြည်နယ် မင်းတပ်မြို့ရှိ ဘုရားတစ်ဆူတွင် စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း မပေါက်ကွဲသေးသည့် ပေါင် (၅၀၀) ဗုံးတစ်လုံး စိုက်ဝင်နေသည်ဟု သိရသည်။

မင်းတပ်မြို့ကို အာရက္ခတပ်တော်(AA)၏ စစ်လက်နက်ခဲယမ်း၊ စစ်ကူများအပြင် စစ်ရေးဆိုင်ရာ အကူအညီများဖြင့် သိမ်းလိုက်နိုင်ပြီဖြစ်ကြောင်း ယမန်နေ့တွင် ချင်းညီနောင်များတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ အဆက်မပြတ် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများကြားမှ မြို့ပေါ်ရှိ စစ်ကောင်စီ အခြေချတပ်စခန်းများကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်ဟု ဆိုသည်။

#TachileikNewsAgency

#TNA_MAT

Photo: Salai Naing Hung