အာဏာသိမ်း စစ်ကောင်စီတပ်က အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုများကြောင့် ကနီမြို့နယ်အတွင်း ချောင်းမကျေးရွာတွင် ကျပ်သိန်းထောင်ချီ ဆုံးရှုံး

Photo: ဒေါင်းနီ DAUNG NI
Photo: ဒေါင်းနီ DAUNG NI
အာဏာသိမ်း စစ်ကောင်စီတပ်က အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုများကြောင့် ကနီမြို့နယ်အတွင်း ချောင်းမကျေးရွာတွင် ကျပ်သိန်းထောင်ချီ ဆုံးရှုံး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမအရှေ့ရွာနှင့် အနောက်ရွာရှိ လူနေအိမ်များကို အကြမ်းဖက်စစ်ကောင်စီတပ်များက ယမန်နေ့ မတ်လ(၅)ရက်နေ့ ည(၁၀)နာရီဝန်းကျင်က ဝင်ရောက်မီးရှို့သဖြင့် လူနေအိမ် (၁၇)လုံးနှင့် အိမ်မွေးတိရိစ္ဆာန်များ သေဆုံးခဲ့ရကာ ကျပ်သိန်းထောင်ချီ ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ် အင်အား (၇၃)ဦးက ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ကြသဖြင့် ချောင်းမအရှေ့ရွာမှ လူနေအိမ်(၄)လုံး၊ နွားတင်းကုတ်  (၃)တဲနှင့် အနောက်ရွာမှ လူနေအိမ်(၁၃)လုံး၊ နွားတင်းကုတ် (၆) တဲ၊ မီးဖိုချောင် (၉)လုံး၊ ထွန်စက်(၃)စီး၊ ဆီစက်(၃)ခု၊ ခိုင်းနွား (၂)ကောင်နှင့်  အတွင်းရှိအသုံးအဆောင်ပစ္စည်း အများအပြားပျက်ဆီး ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ဒါ့အပြင် ရာသီပေါ် သီးနှံများဖြစ်သည့် ဇီးသီး၊ မြေပဲ၊ နှမ်း၊ ပြောင်း ၊ ပဲမျာ းမီးလောင်သည့်အထဲ ပါဝင်သွားကြောင်း သိရသည်။

ချောင်းမအနောက်ရွာရှိ ချောင်းမရွာကျေးလက်ကျန်းမာရေးဌာနခွဲ ဆေးပေးခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပြီး ဒေသခံ(၈၀)ဦး အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရကာ ကျပ်သိန်းပေါင်းထောင်ချီ ဆုံးရှုံးခဲ့ရသဖြင့် ဒေသခံများ အကူအညီလိုအပ်နေကြောင်း သိရသည်။