စစ်ကိုင်းမြို့နယ် အုန်းတောရွာတွင် အခိုင်အမာတပ်စွဲကာ ငွေကြေးကောက်ခံနေသည့် စစ်ကောင်စီတပ်အား ဒရုန်းဖြင့်ဗုံးကြဲ တိုက်ခိုက်

စစ်ကိုင်းမြို့နယ် အုန်းတောရွာတွင် အခိုင်အမာတပ်စွဲကာ ငွေကြေးကောက်ခံနေသည့် စစ်ကောင်စီတပ်အား ဒရုန်းဖြင့်ဗုံးကြဲ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် အုန်းတောရွာတွင် လမ်းသွားလမ်းလာများအား ငွေကြေးကောက်ခံနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား Phoenix Sagaing အဖွဲ့မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ယနေ့ ၂၀၂၄ ခုနှစ် မေလ (၁၂) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အုန်းတောရွာရှိ ချစ်လေးစံ ပရိဘောဂဆိုင်အတွင်း ဘန်ကာများ တည်ဆောက်၍ အခိုင်အမာတပ်စွဲပြီး လမ်းသွားလမ်းလာများအား ငွေကြေးကောက်ခံမှုများပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲဝင်များအား မေလ (၉)ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့က Fix Wing Drone ဖြင့် ဗုံးသီး (၅) လုံး ချကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုကို Phoenix Sagaing ၊ Young Wolf(L.P.D.F)၊ ဆရာကျောင်း  ဒေါင်းမျိုးဆက်(PGZ)၊ ဗိုလ်ချုပ် (ဝက်လက်)၊ Phoenix (ဝက်လက်)၊ ကြောင်လက်သည်း(ဝက်လက်)၊ Unicorn Guerrilla Force၊ Royal Falcon Guerrilla Force၊ စစ်ကိုင်းခရိုင် အမှတ်(၇)တပ်ရင်းနှင့် နယ်မြေခံ ပ.က.ဖ များ ပူးတွဲဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Phoenix Sagaing နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် မေလ (၅) ရက်နေ့ကလည်း စစ်ကိုင်းမြို့နယ် အုန်းတောကျေးရွာရှိ အမှတ် (၆၀၀၅) တင့်ကားတပ်ရင်းအား Fix Wing Drone ဖြင့် ဗုံးသီး (၄)လုံး ချကာ တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

#TachileikNewsAgency