မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ
ဖေဖော်ဝါရီ 26, 2022 | အခြားဒေသများ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ အင်္ဂဘိုကျေးရွာ၊ ခိုင်ရွှေစိမ်းကျွဲကောခြံရှေ့တွင် စစ်ကောင်စီတပ်၏ ယာဉ်တန်း ယနေ့ ဖေဖော်ဝါရီလ (၂၆)ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

 စစ်ကား(၁၂)စီးပါ ယာဉ်တန်း ပစ်ခတ်ခံရပြီးနောက်  မိနစ်(၂၀)ကြာ တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက် စစ်ကောင်စီတပ်ဖက်က ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း သိရသည်။

 ယင်းတိုက်ခိုက်မှုတွင် မည်သည့်အဖွဲ့နှင့် ဖြစ်ပွားသည်ကိုတော့ မသိရသေးပေ။

 

ဖေဖော်ဝါရီလ(၄)ရက်ကလည်း ပဲခူးဘက်မှ သထုံဘက်သို့ ဦးတည်မောင်းနှင်လာသော စစ်ကောင်စီတပ်ယာဉ်တန်း ကျိုက်ထိုမြို့၊ အင်္ဂဘိုအနီး၌ KNLA တပ်ရင်း (၃)နှင့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့သေးသည်။

ယင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအ များအပြားရှိခဲ့သည့်အတွက် ယာဉ်တန်းကို ကျိုက်ထိုမြို့တွင်း ပြန်လှည့်ကာ ပစ်ခတ်တိုက်ခိုက်စဉ် အချင်းချင်းမှားယွင်းပစ်ခတ်မှုဖြစ်ပွားခဲ့သေးသည်ဟု သိရသည်။