လက်ပံတန်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို သာယာဝတီဂဠုန်တပ်ဖွဲ့ တိုက်ခိုက်

လက်ပံတန်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို သာယာဝတီဂဠုန်တပ်ဖွဲ့ တိုက်ခိုက်

ပဲခူးတိုင်း ၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အရှေ့ ပဲခူးရိုးမတောင်ခြေသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲ၍ အနီးကပ်ပစ်ခတ်တိုက်ခိုက်ကြောင်း သာယာဝတီဂဠန်တပ်ဖွဲ့က ၂၀၂၄ ခုနှစ် မေလ (၁၁) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အင်အား (၃၀)ကျော်ပါသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို မေလ (၁၀) ရက် ည (၈) နာရီကျော်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု ဂဠုန်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တော်လှန်ရေးတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှ သာယာဝတီမြို့နယ်အခြေစိုက် အဖွဲ့တစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့များထဲမှ တစ်ခုဖြစ်သည်။

#TachileikNewsAgency