စစ်အာဏာရှင်ဟောင်း သန်းရွှေအပါအဝင် စစ်ခေါင်းဆောင်ဟောင်း တချို့နှင့် တရုတ်သံအမတ်တွေ့ဆုံ

စစ်အာဏာရှင်ဟောင်း သန်းရွှေအပါအဝင် စစ်ခေါင်းဆောင်ဟောင်း တချို့နှင့် တရုတ်သံအမတ်တွေ့ဆုံ

မြန်မာစစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် စစ်ခေါင်းဆောင်ဟောင်းတချို့ကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai က သွားရောက်တွေ့ဆုံခဲ့ကြောင်း ယနေ့ ၂၀၂၄ ခုနှစ် ဧပြီလ (၅)ရက်နေ့တွင် တရုတ်သံရုံး၏ We Chat စာမျက်နှာတွင် ဖော်ပြထားသည်။

တရုတ်သံအမတ်ကြီး Mr. Chen Hai သည် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး၊ သမ္မတဟောင်း ဦးသိန်းစိန်၊ မြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ် ဦးနု၏ သမီး ဒေါ်သန်းသန်းနု၊ တရုတ်မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဌဟောင်း စိန်အောင်ဝင်း အပါအဝင် လူပုဂ္ဂိုလ်တချို့တို့ကိုလည်း တွေ့ဆုံခဲ့ပြီး မြန်မာနှစ်သစ်ကူး သင်္ကြန်အကြိုအဖြစ် သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း တရုတ်သံရုံးက ဖော်ပြထားသည်။ 

ထို့အပြင် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး၊ စီးပွားရေးနှင့် ပြည်သူများ စားဝတ်နေရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ကူညီပေးနိုင်ရန်လည်း တရုတ်နိုင်ငံဘက်က ဆန္ဒရှိနေကာ မြန်မာ-တရုတ် ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေရန် လုပ်ဆောင်နေသည်ဟုလည်း တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

#TachileikNewsAgency