ပုလဲမြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့ကို ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာမှ အချိန်(၁)နာရီကျော်အကြာ အပြန်အလှန် တိုက်ပွဲဖြစ်ပွား

ပုလဲမြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့ကို ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာမှ အချိန်(၁)နာရီကျော်အကြာ အပြန်အလှန် တိုက်ပွဲဖြစ်ပွား
ဖေဖော်ဝါရီ 6, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ရှိ ရဲစခန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတို့ကို ဒေသကာကွယ်ရေးအဖွဲ့များပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်ရာမှ အချိန်(၁)နာရီကျော်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့ ညပိုင်း(၉)နာရီခွဲဝန်းကျင်ကနေ ည(၁၁)နာရီဝန်းကျင်အချိန်အထိ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယင်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတချို့လည်း ဒဏ်ရာရရှိခဲ့ကာ ပုလဲမြို့တောင်ပိုင်း၊ မြိုဒေါင့်ရပ်ကွက်ရှိ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်က မီးရှို့ကြောင်း သိရသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်အောက်ခံ ပျူစောထီး ထိခိုက်သေဆုံးမှုများရှိကြောင်း နှင့် ယင်းတိုက်ခိုက်မှုကို ကျားသစ်နက်တပ်ဖွဲ့၊ ဒေါင်းနက်တပ်ဖွဲ့၊ MPL နှင့် မြိုင်အဖွဲ့များ၊ မြောက်ပိုင်းအဖွဲ့များနှင့် ပုလဲ PDF တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။