ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ဘေးရှောင်များ အတွက် ရိက္ခာနှင့်ဆေးဝါး အထွေထွေ အကူအညီများ အရေးပေါ် လိုအပ်နေ

စစ်ဘေးရှောင် တစ်နေရာ [ Photo:  ဝင်းရော်ဒေသ နွေဦးတော်လှန်ရေး လူငယ်များ ]
စစ်ဘေးရှောင် တစ်နေရာ [ Photo:  ဝင်းရော်ဒေသ နွေဦးတော်လှန်ရေး လူငယ်များ ]
ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ဘေးရှောင်များ အတွက် ရိက္ခာနှင့်ဆေးဝါး အထွေထွေ အကူအညီများ အရေးပေါ် လိုအပ်နေ
ဧပြီ 26, 2022 | အခြားဒေသများ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် ရိက္ခာ၊ ဆေးဝါးနှင့် အထွေထွေအကူအညီများ လိုအပ်နေကြောင်း ဝင်းရော်ဒေသ နွေဦးတော်လှန်ရေး လူငယ်များက ထုတ်ပြန်သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်တွင်း အာဏာသိမ်းစစ်ကောင်စီတပ်များ၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများအနေဖြင့် နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။ 

ထို့ပြင် နီးစပ်ရာ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေသော ပြည်သူများအား စစ်ကောင်စီတပ်များအနေဖြင့် တွေ့ရှိပါက ဖမ်းဆီး၍ လူသားဒိုင်း အနေဖြင့် အသုံးပြုလျှက်ရှိရာ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ရိက္ခာပြဿနာများ အပြင် ယခုချိန်ထိ လုံခြုံသော နေရာသို့ မရောက်နိုင်သေးသဖြင့် စိုးရိမ်ဖွယ်ရှိနေသည်ဟု သိရသည်။

ဝင်းရော်ဒေသ နွေဦးတော်လှန်ရေး လူငယ်များက ၎င်းစစ်ဘေးရှောင်ပြည်သူများကို လုံခြုံသောနေရာသို့ ရောက်ရှိစေရန် ကူညီ‌ပေးနေကြောင်း သိရသည်။

စစ်ဘေးရှောင်ပြည်သူများ၏ ရိက္ခာ ဆေးဝါးနှင့် အထွေထွေလိုအပ်မှုများအား လှူဒါန်းရန်အတွက် ဖုန်း 09794056005 သို  ဆက်သွယ် စုံစမ်းနိုင်သည်ဟု ထုတ်ပြန်ထားသည်။

Photo:  ဝင်းရော်ဒေသ နွေဦးတော်လှန်ရေး လူငယ်များ