ကော့သောင်းမြို့နယ်တွင် စစ်ကောင်စီ တပ်ကင်းစခန်းနှင့် ပျူစောထီးခေါင်းဆောင်တို့ ပစ်ခတ်ခံရ

ကော့သောင်းမြို့နယ်တွင် စစ်ကောင်စီ တပ်ကင်းစခန်းနှင့် ပျူစောထီးခေါင်းဆောင်တို့ ပစ်ခတ်ခံရ

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ရေငန်းချိုင်ရွာရှိ စစ်ကောင်စီ တပ်ကင်းစခန်းနှင့် ပျူစောထီးခေါင်းဆောင်နေအိမ်တို့ကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လ (၂၂)ရက်နေ့တွင် ကော့သောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပျူစောထီးခေါင်းဆောင်နေအိမ်အား ဝင်ရောက်ပစ်ခတ်ရာတွင်  ပျူစောထီးခေါင်းဆောင် ဦးစိန်သန်း သေဆုံးပြီး ပျူစောထီး ဒုတိယခေါင်းဆောင် ဦးဝမ်း၊ ပျူစောထီး တပ်စုမှူး သန့်ဇင်တို့မှာ စစ်ကောင်စီတပ်၏ ကင်းစခန်းတိုက်ခိုက်မှုတွင် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုမှ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ (WY စာတန်းပါ)စိတ်ကြွရူးသွပ်ဆေးပြားများကို သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ် ကင်းစခန်းနှင့် သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း သိရသည်။

#TachileikNewsAgency

Photo : People Defense Organization-Tanintharyi Division