ရှမ်းပြည်နယ်အတွင်း "ဝ"အမျိုးသားပါတီမှ ကိုယ်စားလှယ်လောင်း (၃)ဦး အနိုင်ရ

ရှမ်းပြည်နယ်အတွင်း "ဝ"အမျိုးသားပါတီမှ ကိုယ်စားလှယ်လောင်း (၃)ဦး အနိုင်ရ
နိုဝင်ဘာ 10, 2020
By Tachileik News Agency
 ရှမ်းပြည်နယ်အတွင်း  "ဝ"အမျိုးသားပါတီမှ ကိုယ်စားလှယ်လောင်း (၃)ဦး အနိုင်ရ
"ဝ"အမျိုးသားပါတီ(WNP)က ရှမ်းပြည်နယ်တွင်း မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်လောင်း (၂၁)ဦး ဝင်ရောက် ယှဉ်ပြိုင်ရာ (၃)ဦး အနိုင်ရရှိကြောင်း သိရသည်။ 
အနိုင်ရရှိသည့် (၃)ဦးမှာ  "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပြည်သူ့လွှတ်တော် ဟိုပန်မြို့နယ်မဲဆန္ဒနယ်မှ ဦးညီပလုပ်း၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)မှ  ဦးရန်ကျော် နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်လွှတ်တော် မိုင်းတုံမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ  ဒေါက်တာ Mဇော်လတ် (ခ) ဆမ်မားကို့(စ်)တို့ ဖြစ်ကြသည်။
"ဝ"အမျိုးသားပါတီ(WNP)က ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် (၃)နေရာ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် (၆)နေရာ နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွင် (၁၂)နေရာ စုစုပေါင်း (၂၁)နေရာ ဝင်ရောက် ယှဉ်ပြိုင်ရာက (၃)နေရာ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
"ဝ"အမျိုးသားပါတီ(WA NATIONAL PARTY)သည် ‘ဝ’အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ၊ ‘ဝ’ဒီမိုကရက်တစ်ပါတီ နှင့် ‘ဝ’လစ်ဘရယ် ဒီမိုကရက်တစ်တိုးတက်ဖွံ့ဖြိုးရေးပါတီတို့အား တစ်ခုတည်းအဖြစ်  ပေါင်းစည်းထားသည့် ပါတီတစ်ခု ဖြစ်သည်။
လက်ရှိအနိုင်ရရှိသူများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်၍ အတည်ပြုပေးသွားမည်ဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~