ခမရ(၃၅၅)စခန်းအား သိမ်းပိုက်ရာ လက်နက်မျိုး ၁၃၀ ကျော် သိမ်းဆည်းရရှိဟု KNLA ထုတ်ပြန်

ခမရ(၃၅၅)စခန်းအား သိမ်းပိုက်ရာ လက်နက်မျိုး ၁၃၀ ကျော် သိမ်းဆည်းရရှိဟု KNLA ထုတ်ပြန်

ကရင်ပြည်နယ် မြဝတီမြို့နယ်၊ သင်္ဃန်းညီ နောင်ရှိ စစ်ကောင်စီတပ် ခမရ(၃၅၅)စခန်းအား သိမ်းပိုက်ရာ လက်နက်ခဲယမ်းများရရှိခဲ့ ကြောင်း KNLA က ယနေ့ ၂၀၂၄ ခုနှစ်မတ်လ(၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ် ကောင်စီတပ် စကခ(၁၂)လက် အောက်ခံ ခမရ(၃၅၅)စခန်းအား မတ်လ(၇)ရက်နေ့ နံနက်ပိုင်းတွင် ကရင်အမျိုးသားလွတ် မြောက် ရေးတပ်မ တော် တပ်မဟာ(၆)စစ် ကြောင်းဦး ဆောင် သော တော်လှန် ရေးပူး ပေါင်းတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ပြီး ည နေ ပိုင်းတွင် စခန်းအားအပြီးသိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။

စခန်းအားတိုက်ခိုက်သိမ်းပိုက်ရာတွင် စစ် ကောင်စီတပ်ထံမှ မော် တော်ယာဥ်  (၆)စီး၊ RPG ၊ NATO စက်လတ်အပါအဝင် လက် နက်ငယ်မျိုးစုံ ပေါင်း (၁၂၇)လက်၊ (၆၀)မမ၊ (၈၁)မမ လက်နက် ကြီးစိန် ပြောင်းမျိုးစုံ(၁၃)လက်၊ ၎င်းလက်နက်မျိုးစုံတို့၏ ခဲယမ်းကျည်များ၊ ဆက်စပ်ပစ္စည်းများနှင့် စစ်အသုံးအ ဆောင်ပစ္စည်း အများကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ် ကောင်စီတပ်ဖွဲ့ဝင်များစွာ  သေဆုံးဒဏ်ရာရရှိ သည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency