မုံရွာမြို့နယ် မုံရွေးတိုးဂိတ်အနီး လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ထန်းလုံးမိုင်းအကြီး နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

မုံရွာမြို့နယ် မုံရွေးတိုးဂိတ်အနီး လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ထန်းလုံးမိုင်းအကြီး နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွေးတိုးဂိတ်အနီး လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးအင်အားစုများမှ ထန်းလုံးမိုင်းအကြီး (၂)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် အမှတ်(၁၁)တပ်ရင်း People's Defence Force - South Monywa အဖွဲ့ထံမှ သိရသည်။

ချောင်းဦး မြပုလဲစစ်ဆေးရေးဂိတ်မှထွက်လာပြီး မုံရွေးတိုးဂိတ်အနီး လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၄ခုနှစ် သြဂုတ်လ (၇) ရက်နေ့ နံနက် (၇) နာရီခန့်တွင် တော်လှန်ရေးအင်အားစုများမှ ထန်းလုံးမိုင်းအကြီး (၂) လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြေပြင်သတင်းများအရ ပြန်လည်ကြားသိရကြောင်း People's Defence Force - South Monywa အဖွဲ့မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအား မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း People's Defence Force - South Monywa နှင့် Youth Vigor Revolution Force အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency