စစ်ကောင်စီအလိုရှိသည့် ဒေါက်တာတေဇာဆန်း နန်းတွင်းရှေ့ဆန္ဒပြ

စစ်ကောင်စီအလိုရှိသည့် ဒေါက်တာတေဇာဆန်း နန်းတွင်းရှေ့ဆန္ဒပြ

စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားသည့် ဒေါက်တာတေဇာဆန်းသည် ယခုရက်ပိုင်းအတွင်း မန္တလေးသို့ ရောက်လာပြီး စစ်ကောင်စီတပ်စွဲထားသော နန်းတွင်းရှေ့၌ ဆန္ဒပြခဲ့ကြောင်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၂)ရက်နေ့တွင် အသိပေးထားသည်။

ဒေါက်တာတေဇာဆန်းက စစ်ရေးတိုက်ပွဲများနှင့်အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွမှု၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ရန် အထူးလိုအပ်ပြီး အရှိန်တိုးမြှင့် ဖော်ဆောင်ကြရန် တိုက်တွန်းထားသည်။ 

ထို့အပြင် လူထုတရပ်လုံး စွဲကိုင်ခဲ့သည့် လူထု CDM နှင့် “ဘူး” သပိတ် (Boycott and Social Punishment) လှုပ်ရှားမှုများကို အစွမ်းကုန် အရှိန်တင်ကြရန်လည်း တိုက်တွန်းထားသည်။

ဒေါက်တာတေဇာဆန်းသည် စစ်တပ်က အာဏာသိမ်းစဉ် မန္တလေးမြို့၌ အစောဆုံး ဆန္ဒပြကာ လူထုသပိတ်ကို ဦးဆောင်ခဲ့သည့် ခေါင်းဆောင်တစ်ဦးဖြစ်သည်။

#TachileikNewsAgency

Photo: Tayzar San