အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ အမ်းမြို့အဝင် ကားလမ်း(၃)ခုကို စစ်ကောင်စီတပ်က မြေတူးစက်များဖြင့် ဖျက်ဆီးသွား

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ အမ်းမြို့အဝင် ကားလမ်း(၃)ခုကို စစ်ကောင်စီတပ်က မြေတူးစက်များဖြင့် ဖျက်ဆီးသွား

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ ရခိုင်ပြည်နယ် အမ်းမြို့အဝင် ကားလမ်း(၃)ခုကို စစ်ကောင်စီတပ်က မြေတူးစက်များဖြင့် သွားလာ၍မရအောင် ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

"အခုပုံက အမ်း-မအီလမ်းကို ဖျက်ဆီးသွားတဲ့ပုံ။ အခုဘယ်သူမှ မသွားကြတော့ဘူး။ လမ်းမှာ လူသူကင်းမဲ့နေတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်သည် ရန်ကုန်-စစ်တွေ ကားလမ်းအပါအဝင် အမ်း-မအီလမ်းပိုင်း၊ တပ်တောင်-အမ်းလမ်းပိုင်းတို့ကို မြေတူးစက်များဖြင့် အနက်(၇)ပေခန့်တူးကာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၉)ရက်နေ့က ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

"ကိစ္စကြီးကြီးမားမားမရှိဘဲ ဘယ်သူမှ မသွားပါဘူး။ မသွားမဖြစ်လို့ သွားမယ်ဆိုလည်း ရေလမ်းကဆို လှေနဲ့သွားနေကြရတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ရက္ခိုင့်တပ်တော်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား လာရောက်တိုက်ခိုက်မည်ကို ကြောက်သဖြင့် ယင်းသို့ လမ်းများအား ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

အမ်းမြို့သည် ဗမာပြည်မနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဆက်သွယ်ပေးထားသည့် မြို့ဖြစ်သည်။

#TachileikNewsAgency