လျှပ်စစ်မီး ပုံမှန်မပေးနိုင် ဖြစ်နေသည့် ရန်ကုန်လျှပ်စစ်က ပြည်သူထံမှ လျှပ်စစ်မီး ပြန်ဝယ်နေ

လျှပ်စစ်မီး ပုံမှန်မပေးနိုင် ဖြစ်နေသည့် ရန်ကုန်လျှပ်စစ်က ပြည်သူထံမှ လျှပ်စစ်မီး ပြန်ဝယ်နေ
ဧပြီ 21, 2023 | အခြားဒေသများ

 

ရန်ကုန်တိုင်းအတွင်းရှိ အများပြည်သူသုံး ဆိုလာစနစ်မှ ပိုလျှံလာသည့် ဓာတ်အားများကို ငွေပေးဝယ်လိုကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ၂၀၂၃ခုနှစ်၊ ဧပြီလ(၂၁)ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာများ၊ ဟိုတယ်များ၊ နေအိမ်များ၊ စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံများ စသည့်မဆောက်အဦးခေါင်မိုးပေါ်တွင် လည်းကောင်း၊ လုပ်ငန်းရှင်များ၏ ကိုယ်ပိုင်မြေနေရာများ ပေါ်တွင်လည်းကောင်း တပိုင်တနိုငိတပ်ဆင်ထားသော ဓာတ်အား ကွန်ယက်ချိတ်ဆက် အသေးစားဆိုလာစနစ်မှ လုပ်ငန်းအတွက်အသုံးပြုပြီး ပိုလျှံနေသည့် လျှပ်စစ်ဓာတ်အားကို YESC ထံသို့ ချိတ်ဆက်ရောင်းချနိုင်သည်ဟု ဆိုသည်။

ရောင်းချပါက လျှပ်စစ်ဓာတ်အား ၁၀၀ ကီလိုဝပ်မှ ၁ မဂ္ဂါဝပ်အထိ ၈၅ ကျပ်၊ ၁ မဂ္ဂါဝပ်အထက်မှ ၁၀ မဂ္ဂါဝပ်အထိ ၈၀ ကျပ်သတ်မှတ်ထားကြောင်း ထုတ်ပြန်ထားသည်။

"အခုက အလှည့်ကျမီးလာချိန်မှာလည်း ၃ နာရီလောက်က မီးပျက် နေပါတယ်။ နိုင်ငံတော်လျှပ်စစ်က ပြည်သူဆီကနေ ပြန်ဝယ်ရတယ် ဆိုတော့ ပြည်သူက အခွန်ပေး မီးသုံးရမှာလား။ မီးပြန်ရောင်းစားရ မှာလားဗျ။"ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက Tachileik News Agency ကိုပြောသည်။

လက်ရှိတွင် ရန်ကုန် လျှပ်စစ်ဓာတ်အား​ပေး​ရေး ကော်ပိုရေးရှင်း - YESC သည် ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အားကို ၄ နာရီအပျက်၊ ၄ နာရီလာစနစ်ဖြင့် အလှည့်ကျမီးပေးနေခြင်း ဖြစ်ကြောင်း သိရသည်။