သံတွဲမြို့အတွင်းကို လက်နက်ကြီးကျ

သံတွဲမြို့အတွင်းကို လက်နက်ကြီးကျ

ရခိုင်ပြည်နယ် သံတွဲမြို့ အနော်ရထာလမ်းနှင့် မာဃလမ်းထောင့်ရှိ နေအိမ်တစ်လုံးပေါ်ကို ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ(၂၄)ရက်နေ့ နံနက်ပိုင်းတွင် နေအိမ်တလုံးပေါ် လက်နက်ကြီးကျရောက်သဖြင့် နေအိမ်အနည်းငယ် ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

(၈၁)မမလက်နက်ကြီးဟုယူဆရသည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာ အိမ်အပေါ်ဘက်ရှိ ဘေးနံရံ(၂)ပေပတ်လည်ခန့် ပြိုကျသွားပြီး လူထိခိုက်မှုမရှိဟု သိရသည်။

"သံတွဲမြို့ထဲကို ပထမဆုံးလက်နက်ကြီးကျတာပဲ။ ကိုခိုင်၊ မမလေးအိမ်အပေါ်ဘက်ကို ကျတာပါ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ကျရောက်သည့်လက်နက်ကြီးမှာ (၈၁)မမဖြစ်နိုင်ပြီး လက်နက်ကြီးထိပ်ဖူးကို တွေ့ရှိခဲ့ရသည်ဟု သိရကာ မည်သည့်နေရာမှ ပစ်ခတ်သည်ကိုမူ မသိရသေးပါ။

သံတွဲမြို့တွင် အနီးတဝိုက်တွင် ပြီးခဲ့သည့် မေလ(၁၃)ရက်နေ့ကစတင်၍ AAနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေပြီး ငပလီရှိ သံတွဲလေဆိပ်ကို ယနေ့နံနက်ပိုင်းတွင် AAက အပြီးသတ်သိမ်းကာ ခမရ(၅၆၆)တပ်ကို ထပ်မံထိုးစစ်ဆင်နေသည်။

လက်ရှိတွင် သံတွဲမြို့တွင်းမှ ဒေသခံများလည်း ဂွ၊ ကျိန္တလီမြို့နယ်များဘက်သို့ အလုံးအရင်းဖြင့် တိမ်းရှောင်နေကြပြီဖြစ်သည်။

#TachileikNewsAgency

Photo: CJ