တရုတ်နိုင်ငံတွင် ဘော်ဒါကျောင်း အိပ်ဆောင် မီးလောင်မှုအတွင်း (၁၃) ဦး သေဆုံး

တရုတ်နိုင်ငံတွင် ဘော်ဒါကျောင်း အိပ်ဆောင် မီးလောင်မှုအတွင်း (၁၃) ဦး သေဆုံး
ဇန်နဝါရီ 20, 2024 | နိုင်ငံတကာသတင်း
By Mr John

 တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန်ပြည်နယ်ရှိ ဘော်ဒါကျောင်း အိပ်ဆောင်တစ်ခု၌ ဖြစ်ပွားသည့် မီးလောင်မှုအတွင်း လူ (၁၃) ဦး သေဆုံးခဲ့ကြောင်း အစိုးရသတင်းဌာန ဆင်ဟွာ က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၀) ရက်နေ့တွင် ဖော်ပြသည်။

 ဟီနန်ပြည်နယ်  Yanshanpu ကျေးရွာရှိ Yingcai School ဘော်ဒါကျောင်းတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၉) ရက် ဒေသစံတော်ချိန် ည (၁၁) နာရီအချိန်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဌာနထံက သတင်းရရှိခဲ့ကြောင်း ဆင်ဟွာက ဆိုသည်။

မီးလောင်မှုကြောင့် လူ (၁၃) ဦး သေဆုံးကြောင်း အတည်ပြုထားပြီး လူတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆင်ဟွာ က ပြောသည်။ 

ဆင်ဟွာ သတင်းဌာန၏ အဆိုအရ မီးသတ်သမားများနှင့် ကယ်ဆယ်ရေးသမားများက မီးလောင်မှုဖြစ်ပွားသည့် နေရာသို့ အလျင်အမြန် ရောက်ရှိလာခဲ့ကြပြီး ည (၁၁) နာရီ (၃၈) မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ဒဏ်ရာရထားသည့် အသက်ရှင်ကျန်သူကို ဆေးရုံတွင် ကုသပေးနေပြီး အခြေအနေ တည်ငြိမ်မှုရှိကြောင်း၊ ဒေသအာဏာပိုင်များက မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်းနှင့် စာသင်ကျောင်းနှင့် ဆက်စပ်သူ အနည်းဆုံး တစ်ဦးကို ထိန်းသိမ်းထားကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် ဘော်ဒါကျောင်းရှိရာ Yanshanpu ကျေးရွာမှာ လူဦးရေ (၁၀) သန်းနီးပါး နေထိုင်ကြသည့် Nanyang မြို့၏ အစွန်တွင် တည်ရှိသည်။

Source: AFP