လွိုင်ကော်မြို့အတွင်း အရပ်ဝတ်ဖြင့် WY ဆေးပြားထွက်ဝယ်သည့် ရဲတပ်သားတစ်ဦးကို KNDF ဖမ်းဆီး

လွိုင်ကော်မြို့အတွင်း အရပ်ဝတ်ဖြင့် WY ဆေးပြားထွက်ဝယ်သည့် ရဲတပ်သားတစ်ဦးကို KNDF ဖမ်းဆီး

ကရင်နီပြည်နယ် လွိုင်ကော်မြို့အတွင်း အရပ်ဝတ်ဖြင့် WY စိတ်ကြွရူသွပ်ဆေးပြားများ‌ သယ်ဆောင်ကာ သွားလာနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် KNDF တပ်ရင်းအမှတ်(၅)က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါရဲတပ်ဖွဲ့ဝင်တင်မောင်နိုင်နှင့်အတူ သယ်ဆောင်လာသောအိတ်အား စစ်ဆေးကြည့်ရာ လက်ပစ်ဗုံး(၃)လုံး၊ WY ရူးသွပ်ဆေးပြား (၁၂)ပြား၊ လက်ကိုင်ဖုန်း (၂)လုံးနှင့် ငွေသားတချို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

“သုံးနေကျ ဆေးထွက်၀ယ်တာမျိုးပေါ့။ အဲဒါနဲ့ ကျွန်တော်တို့ မသင်္ကာတော့ ဖမ်းမိလိုက်တာပေါ့။ WY ဆေးပြား ထွက်၀ယ်တာပေါ့။”ဟု KNDF တပ်ရင်းအမှတ်(၅)မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ရဲတပ်သား တင်မောင်နိုင်သည် လွိုင်ကော်မြို့၊ တောင်ဈေးအနီးရှိ KBZဘဏ်တွင် တပ်စွဲထားသော ရဲတပ်ဖွဲ့ဝင်များထဲမှ တစ်ဦးဖြစ်ပြီး WY ရူးသွပ်ဆေးပြားများကို အပြင်မှဝယ်ယူကာ တပ်ဖွဲ့ဝင်များထံ ပြန်လည်ရောင်းချနေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် အဆိုပါ ရဲတပ်ဖွဲ့ဝင်အား KNDF ရဲဘော်များမှ ဖမ်းဆီးခဲ့ပြီး သက်ဆိုင်ရာ ကရင်နီပြည်ရဲတပ်ဖွဲ့(KSP)ထံ အပ်နှံလိုက်ကြောင်း သိရသည်။

#TachileikNewsAgency