နတ်တလင်းတွင် ကင်းလှည့်ပြီးပြန်လာသည့် ရဲ ၆ ဦး မိုင်းခွဲတိုက်ခိုက်ခံရ 

နတ်တလင်းတွင် ကင်းလှည့်ပြီးပြန်လာသည့် ရဲ ၆ ဦး မိုင်းခွဲတိုက်ခိုက်ခံရ 

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် ကင်းလှည့်ပြီး ဆိုင်ကယ်(၃)စီးဖြင့်ပြန်လာသည့် ရဲတပ်ဖွဲ့ဝင်(၆)ဦးကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဩဂုတ်လ(၂၂)ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Bago Region PDFထံမှ သိရသည်။

တောင်ညိုရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် (၆)ဦးသည် ကျောက်ကုန်းကျေးရွာတွင် ကင်းလှည့်ပြီးနောက် မိန်းမခိုး၍ ဆိုင်ကယ်(၃)စီးဖြင့် ပြန်လာစဉ် ည(၁၀)နာရီခွဲဝန်းကျင်တွင် ကံစုသင်္ချိုင်းကုန်းအနီးအရောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သာယာဝတီခရိုင် တပ်ရင်း(၃၈၀၁)၊ တပ်ခွဲ(၂)(Phoenix PDF ၊ Nattalin PDF)က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Bago Region PDFက ယနေ့ ဩဂုတ်လ (၂၄)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ 

ထိုမိုင်းဆွဲတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲဝင်(၂)ဦး သေဆုံးပြီး (၁)ဦးနှင့် ခိုးရာလိုက်ပါလာသော အမျိုးသမီးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ဆိုင်ကယ်(၂)စီးလည်း ပျက်စီးသွားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။  

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များနှင့် နီးကပ်သည့်နေရာတွင် နေထိုင်ခြင်းမျိုး မပြုလုပ်ကြရန်လည်း သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်များက အသိပေးထုတ်ပြန်ထားသည်။

#TachileikNewsAgency