ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး လေကြောင်းပစ်ကူကြောင့် PDFရဲဘော်နှစ်ဦးကျဆုံး

ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး လေကြောင်းပစ်ကူကြောင့် PDFရဲဘော်နှစ်ဦးကျဆုံး
အောက်တိုဘာ 6, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း ရေတာရှည်မြို့နယ် စည်ပိုင်းကျေးရွာအနီးတွင် ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၆)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးခဲ့ကြောင်း သိရသည်။

စည်ပိုင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ ခမရ(၈၄)နှင့် ကီးကူစစ်ကြောင်း၊ ပုဝါနီစစ်ကြောင်း၊ နပတစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဥ်(၂)စီးဖြင့် ပစ်ကူပေးခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်(၂)ဦး ကျဆုံးက (၂)ဦး ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သည်ဟု တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း (၃၅၀၂)၊ တပ်ခွဲ(၂)ထံမှ သိရသည်။ 

တိုက်ပွဲကြောင့် အရပ်သားထိခိုက်မှုမရှိခဲ့သော်လည်း ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

#TachileikNewsAgency