ကနီမြို့နယ်တွင် ငှက်ဖျားဌာနမှ တာဝန်ရှိသူတစ်ဦး လူနာတင်ယာဉ်နှင့်အတူ အလင်းဝင်လာပြီး ရဲဒုတပ်ကြပ်တစ်ဦးလည်း ခဲယမ်းများနှင့်အတူ အလင်းဝင်

ကနီမြို့နယ်တွင် ငှက်ဖျားဌာနမှ တာဝန်ရှိသူတစ်ဦး လူနာတင်ယာဉ်နှင့်အတူ အလင်းဝင်လာပြီး ရဲဒုတပ်ကြပ်တစ်ဦးလည်း ခဲယမ်းများနှင့်အတူ အလင်းဝင်

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် ငှက်ဖျားဌာနမှ တာဝန်ရှိသူတစ်ဦး လူနာတင်ယာဉ်နှင့်အတူ အလင်းဝင်လာပြီး ရဲဒုတပ်ကြပ်တစ်ဦးလည်း ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(ADPRA)ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့တွင် ကနီမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတပ်ကြပ်စိုးထက်အောင်သည် (၇.၆၂)ကျည်အမျိုးစား (၄၀)တောင့်၊  (၅.၅၆)ကျည်အမျိုးစား (၂၀)တောင့်၊ လက်ထိပ်တစ်ခုနှင့် ဆိုင်ကယ်တစ်စီးဖြင့် အလင်းဝင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒီဇင်ဘာလ (၅)ရက်နေ့တွင် ကနီပြည်သူ့ဆေးရုံ ငှက်ဖျားဌာနမှ PSရာထူးအဆင့်ရှိသူ ဦးနေဇာအောင်သည် AMBULANCE တစ်စီးဖြင့် ထပ်မံ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။

အလင်းဝင်ရောက်လာသူများကို ထိုက်သင့်သည့် ဆုငွေများပေးအပ်ကာ ၎င်းတို့သဘောဆန္ဒများအား မေးမြန်းပြီး စီစဥ်ဆောင်ရွက်ပေးနေသည်ဟု သိရသည်။

ထပ်မံအလင်းဝင်ရောက်လာမည့်သူများကိုလည်း ကြိုဆိုမည်ဖြစ်ပြီး ထိုက်သင့်သည့် ဆုငွေများကိုလည်း ပေးအပ်သွားမည်ဖြစ်သည်ဟု ဆိုသည်။

#TachileikNewsAgency