စစ်တောင်းမြစ်ဝှမ်းတကြောရှိ ရေဘေးသင့်ပြည်သူများအား ပဲခူးတိုင်း ပကဖ နှင့် ဖြူးမြို့နယ် ပကဖအဖွဲ့များ ပူးပေါင်းပြီး ဆန်နှင့်ရိက္ခာများ ကူညီလှူဒါန်း ပေးနေ

စစ်တောင်းမြစ်ဝှမ်းတကြောရှိ ရေဘေးသင့်ပြည်သူများအား ပဲခူးတိုင်း ပကဖ နှင့် ဖြူးမြို့နယ် ပကဖအဖွဲ့များ ပူးပေါင်းပြီး ဆန်နှင့်ရိက္ခာများ ကူညီလှူဒါန်း ပေးနေ
စက်တင်ဘာ 18, 2024 | အခြားဒေသများ

ပဲခူးတိုင်း ၊ စစ်တောင်းမြစ်ဝှမ်းတကြောရှိ ရေဘေးသင့်ပြည်သူများအား ပဲခူးတိုင်း ပကဖ နှင့် ဖြူးမြို့နယ် ပကဖအဖွဲ့များ ပူးပေါင်းကာ ဆန်နှင့်ရိက္ခာများ ကူညီလှူဒါန်းပေးနေကြောင်း ဖြူးမြို့နယ် ပကဖ ထံမှ သိရသည်။

"ရေဘေးသင့်ပြည်သူများနှင့် ဖြူးမြို့နယ် ပကဖအတွက် လာရောက် ကူညီကူဒါန်းပေးကြပါသော အလှူရှင်အပေါင်းအား ကျေးဇူးတင်ရှိကြောင်းနှင့် အလှူရှင်များ လှူဒါန်းလိုသည့် ကျေးရွာများကိုလည်း ချိတ်ဆက်လှူဒါန်းပေးနေကြောင်း" ဖြူးမြို့နယ် ပကဖ က ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် အသိပေးထားသည်။

ပဲခူးတိုင်း အရှေ့ခြမ်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ ကွပ်ကဲမှုအောက်ရှိ 3702 (PDF) တပ်ရင်း စိုးမိုးနယ်မြေဒေသများအတွင်း၌လည်း ရေဘေးအန္တရာယ် ကျရောက်နေသော ကျေးရွာများရှိ ဒေသခံ ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရာချထားပေးခြင်းများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယခုကာလသည် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် သဘာဝဘေးအန္တရာယ် ( ရေဘေး )နှင့် ရင်ဆိုင်နေရသောကြောင့် ပြည်သူလူထုအနေဖြင့် တတ်နိုင်သမျှ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြရန်နှင့် သတိပြုသွားလာနေထိုင်ကြပါရန် တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲမှ အသိပေး တိုက်တွန်းထားသည်။

#TachileikNewsAgency

Photo: ဖြူးမြို့နယ် ပကဖ