ဒီပဲယင်းမြို့နယ် ဝပါကျေးရွာကို စစ်ကောင်စီတပ်မီးရှို့သဖြင့် နေအိမ်နှင့် စပါးတိုက်များဆုံးရှုံး

ဒီပဲယင်းမြို့နယ် ဝပါကျေးရွာကို စစ်ကောင်စီတပ်မီးရှို့သဖြင့် နေအိမ်နှင့် စပါးတိုက်များဆုံးရှုံး

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ဝပါကျေးရွာရှိ နေအိမ်(၇)လုံးနှင့် စပါးတိုက်(၄)လုံးကို စစ်ကောင်စီတပ်များက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့်  စပါးအတင်းရေ(၈၀၀)နှင့် မြေဆီ (၁၅)လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များထံမှ သိရသည်။

ဒီပဲယင်းမြို့နယ်မှထွက်လာသော စစ်ကောင်စီတပ်က ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၁)ရက်နေ့တွင် တောကျောင်းရွာမှတဆင့် အိမ်ခြေ(၁၉၀)ဝန်းကျင်ရှိ ဝပါကျေးရွာကို ဝင်ရောက်လာပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကြောင့် အင်းတန်း၊ တောကျောင်း‌၊ ငြိမ်းချမ်းရွာသစ်၊ မဲသည်၊ ဝပါ၊ မှန်သာ၊ သပြေသာ၊ ယင်းတွေ၊လက်တီးကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဝပါကျေးရွာကို စစ်ကောင်စီတပ်များက ပထမအကြိမ် မီးရှို့ဖျက်ဆီးခဲ့စဥ်က နေအိမ်(၆၇)လုံး မီးလောင်ဆုံးရှုံးခဲ့ရသေးသည်။

#TachileikNewsAgency

Photo : ဒီပဲယင်းမြို့နယ်ညီနောင်များ