ကိုးကန့်နယ်အတွင်း တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသား ၃၀၀ ကျော်ကို ကိုးကန့်ပြည်သူ့စစ်က တရုတ်နိုင်ငံသို့လွှဲပြောင်း

ကိုးကန့်နယ်အတွင်း တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသား ၃၀၀ ကျော်ကို ကိုးကန့်ပြည်သူ့စစ်က တရုတ်နိုင်ငံသို့လွှဲပြောင်း
အောက်တိုဘာ 7, 2023 | 2021 Military Coup| အခြားဒေသများ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း၌ တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသား (၃၇၇)ဦးအား ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့တွင် တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးလိုက်ကြောင်း ကိုးကန့်ပြည်သူ့စစ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

နယ်စပ်ဖြတ်ကျော် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများအား ကိုးကန့်ပြည်သူ့စစ်က ဖမ်းဆီး၍ တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ တရုတ်နိုင်ငံသားများ လွှဲပြောင်းခြင်းကို ရန်လုံကျိုင်းနယ်စပ်ဖြတ်ကျော်ရေးစခန်း၌ ကိုးကန့်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် တရုတ်နိုင်ငံ ရဲတပ်ဖွဲ့တို့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ပြီးခဲ့သည့် စက်တင်ဘာလကလည်း အွန်လိုင်းလိမ်လည်သူ တရုတ်နိုင်ငံသား (၁၂၀၇)ဦးကို ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)က ဖမ်းဆီးပြီး တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်။

#TachileikNewsAgency

Photo : ကိုးကန့်သတင်းKokangnews