မြဝတီမြို့  လက်ခတ်တောင်အနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က သေဆုံးသူများကာ ပူးပေါင်းတပ်ဘက်က လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့

မြဝတီမြို့  လက်ခတ်တောင်အနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က သေဆုံးသူများကာ ပူးပေါင်းတပ်ဘက်က လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့

ကရင်ပြည်နယ် မြဝတီမြို့ လက်ခတ်တောင်အနီးတဝိုက်ကို လက်နက်ကြီးနှင့်ပစ်ခတ်ကာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား ယမန်နေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၅)ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား အများအပြားသေပြီး လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း Cobraစစ်ကြောင်းထံမှ သိရသည်။

ယမန်နေ့ နံနက်(၃)နာရီဝန်းကျင်မှစပြီး လက်နက်ကြီးအကြိမ်ရေ (၃၀၀)ကျော်၊ တိုက်လေယာဉ်ဖြင့် (၃)ကြိမ်၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့်(၃)ကြိမ်ပစ်ခတ်ကာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦး အပါအဝင် (၁၅)ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ထံမှ (၆၀)မမ ကွန်မန်ဒိုပြောင်း (၁)လက်၊ MA sniper (၁)လက်၊ MA4 (၂)လက်၊ MA3 (၃)လက်၊ MA2 (၄)လက်၊ MA1 (၁)လက်၊ M16 (၁)လက်၊ MAကျည်ဘောက် (၅၃)ခု၊ MA2 ကျည်ဘောက်အဝိုင်း (၄)ခု၊ M16 ကျည်ဘောက် (၂)ခု၊ ၅.၅၆ ကပစ ကျည် (၅၂၀၀)တောင့်၊ ၇.၆၂ NATO ကျည် (၂၆၅၀)တောင့်၊ MA sniperကျည်ဘောက် (၁)ခု၊ (၆၀)မမ ဗုံးသီး(၃၆)လုံး၊ RPG ဗုံးသီး (၉)လုံး၊ RPG ပို့ယမ်း (၈)ခု၊ (၄၀)မမဗုံးသီး (၅၇)လုံး၊ ငါးကြင်းမြှီးပြောင်း (၂)ပြောင်း၊ ဆက်သွယ်ရေးစက် (၁)လုံးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် ဆက်သွယ်ရေးတာဝါတိုင်နှင့် သာသနာအဆောက်အဦးများ ပျက်စီးခဲ့ရပြီး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်(၂)ဦး ကျဆုံးကာ ရဲဘော်(၅)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency