KNU တပ်မဟာ(၆) နယ်မြေ၌  လေးရက်ကြာ တိုက်ပွဲဖြစ်ပွား

KNU တပ်မဟာ(၆) နယ်မြေ၌  လေးရက်ကြာ တိုက်ပွဲဖြစ်ပွား

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၆) နယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် (၄)ရက်ကြာ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၁၀)ဦး သေဆုံးကြောင်း KNUဗဟိုက ယနေ့ ဇူလိုင်လ (၂၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

KNLA တပ်မဟာ(၆)၊ တပ်ရင်း (၂၇)နှင့် အင်အား(၁၀၀)ကျော်ပါရှိသည့် စစ်ကောင်စီတပ် စကခ(၈) လက်အောက်ခံ ခမရ(၄၀၇) တပ်ရင်း၊တပ်မ(၄၄) လက်အောက်ခံ ခမရ(၁၀၄)တပ်ရင်းတို့အကြား  ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့မှ (၂၁)ရက်နေ့အထိ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၁၀)ဦး သေဆုံးပြီး (၁၁)ဦး ဒဏ်ရာရရှိခဲ့ကာ ဗိုလ်ကြီးအဆင့် (၂)ဦး ပါဝင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ဘက်မှ ရဲဘော် (၄)ဦးဒဏ်ရာရခဲ့ပြီး (၁)ဦး ကျဆုံးခဲ့ရသည်ဟု သိရသည်။

#TachileikNewsAgency

Photo : KNLA တပ်သားများ(ပုံဟောင်း)