ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ရွာအတွင်းကျရောက်ကာ အမျိုးသမီးတစ်ဦးဒဏ်ရာရ

ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ရွာအတွင်းကျရောက်ကာ အမျိုးသမီးတစ်ဦးဒဏ်ရာရ

ပဲခူးတိုင်း ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျည် ကျေးရွာအတွင်း ကျရောက်ကာ အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ခုနှစ် ဇူလိုင်လ (၁၅)ရက်နေ့က လွန်းပင်တောင်ဘုရားကုန်းတွင် တပ်စွဲနေသော အင်အား (၆၀)ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများအတွင်းသို့ (၆၀)မမဖြင့် နှစ်ကြိမ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်‌ပွားခြင်းမရှိဘဲ ကျေးရွာများအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရေတာရှည်လေးကျေးရွာ အရှေ့ဘက် လယ်ကွင်းအတွင်းသို့ တစ်လုံး၊ ရွာသစ်ရွာ ရွာလယ်ပိုင်း မန်းကျည်းပင်အား တစ်လုံး ထိမှန်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

ရွာသစ်ရွာ ရွာလယ်ပိုင်းရှိ မန်းကျည်းပင်အား ထိမှန်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးကျည်စမှာ အနီးနားရှိ အရပ်သားနေအိမ်များကို ထိမှန်ခဲ့ပြီး အသက်(၂၀)ကျော်အရွယ် အမျိုးသမီးတစ်ဦး လက်မောင်းတွင် လက်နက်ကြီးစ ဖောက်၀င်ဒဏ်ရာရရှိခဲ့ကြောင်း Yedashe Township Informationထံမှ သိရသည်။

#TachileikNewsAgency

Photo : Yedashe Township Information